Summary
လီချန်ဂျေးဟာ အထက်တန်းအောင်မြင်ပြီးစ မိဘမဲ့လူငယ်လေးတစ်ဦးဖြစ်ပြီးကျောထောက်နောက်ခံ
မရှိတာမို့ အချိန်ပိုင်းအလုပ်တွေလုပ်ကိုင်ရင်း ဘ၀ကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။
တစ်နေ့မှာတော့ သူ့ရဲ့ဘ၀ကိုတစ်ဆစ်ချိုးပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်ကြီးတစ်ခုနဲ့ကြုံလိုက်ရပါတော့တယ်။ Delivery ပစ္စည်းသွားပို့ရင်း လမ်းမှာကားတိုက်ခံလိုက်ရတဲ့လီချန်ဂျေးဟာ သေဆုံးသွားပြီးနောက် ပြန်လည်ရှင်သန်လာပြီး system တစ်ခုဆီကနေ ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။
“System : စတင်မှုအသစ်တစ်ခုကို သင်ရရှိခဲ့ပါသည်။
ကျေးဇူးပြု၍ သင်အလိုရှိသောဘ၀ကို ပြောပါ။”
“ပိုက်ဆံနဲ့အမျိုးသမီးတွေသာပါတဲ့သာယာတဲ့ဘ၀တစ်ခု”ကို တောင်းဆိုခဲ့တဲ့သူ့ကို System က ထူးခြားတဲ့စွမ်းအင်တစ်ခုပေးခဲ့ပါတယ်။
လီချန်ဂျေးဟာ သူ့ဆိုးဝါးလှတဲ့ဘ၀အတွက် အလျော်အစားအနေနဲ့ “အခြားသူတွေကို အလိုရှိသလိုအမိန့်ပေးပြီးစေခိုင်းနိုင်တဲ့” စွမ်းအင်တစ်ခုကိုပိုင်ဆိုင်သွားပါတော့တယ်။
သူက အဲ့ဒီစွမ်းအင်ကို အသုံးချပြီး ဘ၀ကိုဘယ်လိုဆက်လျောက်လှမ်းသွားမလဲဆိုတာကတော့……..