Summary
Jun-Hyun ဆိုတဲ့ ရုံးဝန်ထမ်းတစ်ယောက်ဟာ သူနှစ်နဲ့ချီအောင်သဘောကျခဲ့ရတဲ့ ရုံးမှအလုပ်တူတူလုပ်တဲ့ကောင်မလေး Su-Jin ကိုဖွင့်ပြောလိုက်ပေမဲ့ ငြင်းဆိုခြင်းကိုခံလိုက်ရပါတယ် ။ဒီလိုနဲ့ Jun-Hyun တစ်ယောက်အသဲကွဲနေတဲ့အချိန်မှာ မိဘတွေက လက်ထပ်ဖို့အတွက် စီစဥ်ထားတဲ့Blind date ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ Blind dateကိုရောက်တဲ့အချိန်မှာ Jun-Hyun နဲ့လက်ထပ်ရမဲ့သူက သူဖွင့်ပြောခဲ့တဲ့ Su-Jin ဖြစ်နေတဲ့အတွက် ဝမ်းသာအားရလက်ထပ်ဖို့သဘောတူလိုက်ပါတော့တယ်။ ဒါနဲ့ပဲ သူဟာ အလုပ်ကထွက်ပြီး Su-Jinရဲ့အိမ်မှာ လိုက်နေဖို့အကြောင်းဖန်လာခဲ့တယ်။ ဒါမဲ့ Su-Jin ဟာသူ့ကိုလက်ထပ်ဖို့စိတ်ကူးမရှိတာကိုသိလိုက်ရပြီး မြို့ ပြနဲ့ဝေးပြီးကြီးမားလှတဲ့စံအိမ်ကြီးမှာ Jun-Hyun တစ်ယောက် Su-Jin ရဲ့ မိသားစုနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာတော့ Live-in-son-in-law မှာတစ်ချက်ရှိုးလိုက်ကြပါတော့! (ps..Su-Jin ရဲ့အမေကလည်း ရှယ်နော်)