Summary
Park Sae Jin ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးနဲ့လမ်းခွဲပြီးတဲ့နောက်မှာ ဂျပန်ကိုတစ်ယောက်တည်းခရီးထွက်လာတယ်ပေါ့၊ တစ်ယောက်တည်းခရီးစဥ်မှာ Park Sae Jinက Faလေးအဖြစ်တွဲတွေကြား စိတ်ညစ်နေမိရင်း Dotonburi တံတားမှာ ဂျပန်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတော့ပါတယ်။
တံတားပေါ်ကခုန်ချဖို့လုပ်တဲ့ဂျပန်မလေးကိုကယ်လိုက်တဲ့အခါမှာ အဲ့ဂျပန်မလေးဟာ သူနည်းတူ ချစ်သူနဲ့လမ်းခွဲထားတာဆိုတာသိလိုက်ရပြီး အရက်အတူတူသောက်၊ စကားပြောပျော်ပါးနေကြရာကနေ One night stand ဖြစ်ခဲ့ကြပါလေကော၊ သို့ပေမယ့် မနက်ရောက်တဲ့အခါမှာတော့ ဂျပန်မလေးဟာ Park Sae Jin မနိုးခင်ထဲကထွက်သွားခဲ့ပါတယ်၊ ဒီလိုနဲ့ Park Sae Jin တစ်ယောက်အင်တင်တင်နဲ့ကိုရီးယားကိုပြန်လာခဲ့ရပြီး တက္ကသိုလ်ရဲ့ တွေ့ဆုံပွဲမှာ ရောက်လာကြတဲ့ ဒုတိယနှစ်စီနီယာတွေအထဲ အဲ့ဂျပန်မလေးပါနေခဲ့တဲ့အခါမှာတော့…
Park Sae Jinနဲ့ ဂျပန်မလေးတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဂျပန်မလေးက Park Sae Jinရဲ့ စီနီယာဆိုတော့ သူတို့ကြားကဆက်ဆံရေးက ဘာတွေဖြစ်လာလေမလဲ? သူတို့နှစ်ယောက်ကြား ပါဝင်ပက်သတ်လာမှာကကောဘယ်သူတွေလဲ? ဘယ်လိုဇာတ်လမ်းတွေဖြစ်လာပြီး Park Sae Jinနဲ့ ဂျပန်မလေးတို့ အဆင်ပြေသွားကြမှာလဲ??? ဆိုတာကို “OSAKA” Adult Manhwa လေးမှာဖတ်ရှုရမှာပဲဖြစ်ပါတယ်ဗျာ~